Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အများပြည်သူကျန်းမာရေးအတွက် တီဘီရောဂါနှင့်အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းအား ရပ်ကွက်အလိုက်(အခမဲ့)ကွင်းဆင်းဆောင်ရွက်ပေး…
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၂)ရပ်ကွက်သာသနဝေပုလ္လဓမ္မာရုံတွင် ယနေ့နံနက်(၉)နာရီက အများပြည်သူကျန်းမာရေးအတွက် တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်းနှင့် အထွေထွေရောဂါများစစ်ဆေးခြင်းကို ခေတ်မီဓါတ်မှန်စက်ကြီးများဖြင့် ရောဂါရှာဖွေကာကုသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်
Dec 09,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက (အထက ) ကျွဲခြံကျောင်းလမင်းတစ်ရာခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့အမက ကော့ဘိန်း(၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသ
Dec 09,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်အသိ ပညာပေးနံရံကပ်စာစောင်များခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့အခြေခံပညာမူလတန်းကျောင်း ကော့ဘိန်း(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာ အမက မူလွန်-နတ်အိမ်တောင်ကျောင်းတွင် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာ အမက မူလွန်- နတ်အိမ်တောင်ကျောင်း၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင်လေဆိပ်တွင် ရန်ကုန် - မော်လမြိုင် ရန်ကုန်သီးသန့်လေယာဉ်ခရီးစဉ် ပြေးဆွဲနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Dec 09,2022
မွန်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာလအတွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများ ယာယီရပ်နားထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်မီးရထားခရီးစဉ်များကိုသာအားထား၍ ခရီးသွားလာနေရသည့်အတွက် အများပြည်သူများ ခရီးသွားလာရာ၌ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးနှင့်လွယ်ကူ လျင်မြန်စွာခရီးသွားလာနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်လေဆိပ်တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် သီးသန့်လေယာဉ်ခရီးစဉ် ပြေးဆွဲနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေး
Dec 09,2022
ရန်ကုန်တိုင်းဒေကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဥက္ကံရေသိုးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၁၀၀)ချေးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ
Dec 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖေ…
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြီု့နယ်၊ အထွေထွေအုပ်ရေးဦးစီးဌာနတွင် အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14370
Page
14371
Page
14372
Page
14373
Current page
14374
Page
14375
Page
14376
Page
14377
Page
14378
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department