အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောသောအားဖြင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ‌မီးဘေးအန္တရာယ်‌ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ‌ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ(၂)နာရီက အမှတ်(၃)‌အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ပဒက်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများ တိုးပွားရရှိစေရေးရည်ရွယ်၍
Dec 11,2022
ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၆၆)ကြိမ်မြောက် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲနှင့်(၆၉)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲများကို တောရကျောင်းတိုက်၌ ယမန်နေ့မွန်တည့်(၁၂)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 11,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန် ပြည့်စုံစေရေးနှင့် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည့်
Dec 11,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် တောင်ပကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ပထမပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရးမှူး အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။