ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာ အမက မူလွန်-နတ်အိမ်တောင်ကျောင်းတွင် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ   ​

ကလိန်အောင် ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာ အမက မူလွန်- နတ်အိမ်တောင်ကျောင်း၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစား ပပြိုင်ပွဲများတွင်ကော့လှိုင်ကျေးရွာ အမက-မူလွန် နတ်အိမ်‌တောင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က ကျောင်းသား၊ ကျောင်းသူများအား၊ အားကစား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အသင်းအလိုက် ယှဉ်ပြိုင်ကစားရာ၊ ဆရာ ဆရာမများနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အား​ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် ရက်အလိုက်၊ ​ဘော်လီ​ဘော၊ ပိုက်​ကျော်ခြင်း၊ ထုတ်စည်းတိုး၊​ စကောရွက်၊ လွန်ဆွဲပွဲ၊ ပြေးပြိုင်ပွဲ၊ ဘော်လုံးအားကစားနည်းကိုလည်းကောင်း၊ ကဗျာ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲများကို လည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့ (ကလိန်အောင်)