အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီက မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် U18နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ကစားကွင်း တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 09,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 09,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၁ နာရီက ရေနံချောင်းတက္ကသိုလ်၌ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ကျင်းပသည်။
Dec 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 09,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းနေကြာအထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ(၉)ရက်၊ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံး ရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 09,2022
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူသွားလူလာများသည့် လမ်းဆုံလမ်းခွများ နှင့် လူစည်ကားသည့်နေရာများတွင် “သင့်ကြောင့်မီးမလောင်ပါစေနှင့်” ဆောင်ပုဒ်ပါ ဗီနိုင်းများကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက မီးဘေးသတိပေးဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။