သီပေါ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာလင်းက သင်တန်းလာရောက် ဖွင့်လှစ်ပေးပါသော မြို့နယ်ကြက်ခြေနီအသင်းခွဲအား ကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းကိုစိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို လည်းကျေးဇူးတင်ရှိပါကြောင်း အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ သင်တန်းတွင်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအားဆုများ ချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဆေးအိတ်များ ပေးအပ်ခြင်းတို့ကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြကြောင်းနှင့် သင်တန်းကို အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၇၃)ဦးကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ဒီဇင်ဘာလ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)