Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံဖြူဇရပ်မြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်
Dec 09,2022
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ပြည်နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ စစ်ဆေးခြင်းများပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်း ဆောင်ရွက်
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှုရှိစေရေးအတွက် ယမန်နေ့က မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးစပါးရိတ်သိမ်းချိန်ဈေးကောင်းရရှိသည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထားဧကကျော်လာနိုင်
Dec 09,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိမိုးစပါးရိတ်သိမ်းချိန် စပါးဈေးနှုန်းကောင်းမွန်သည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထား ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး
Dec 09,2022
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် မင်းကျောင်းဘုန်းတော်ကြီးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Dec 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘန့်ဘွေး- ကျောင်းကုန်း- ညောင်ထောက် ကျေးရွာချင်းဆက် လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းပြုလုပ်
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ဆိပ်ကြီးရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပညာရေးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ
Dec 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဉီးကျောင်း၌ တည်ထားလျက်ရှိသော အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14372
Page
14373
Page
14374
Page
14375
Current page
14376
Page
14377
Page
14378
Page
14379
Page
14380
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department