အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့မ (၁)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည် ကျောက်ဝိုင်းကျောင်းဓမ္မာရုံ၌ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
Dec 09,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား/သူများအား ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် အရိုးအဆစ် သန်မာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်းကိုယနေ့နံနက်(၉)နာရီခန့်ကလုံကား(အ.ထ.က) ကျောင်းတွင် တိုက်ကျွေးခဲ့သည်။
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ဌာနများနှင့် လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြသည်။
Dec 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။  
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား အသိပညာပြန့်ပွားရေးနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခန့်က အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ၂၀၂၂ ခုနှစ်  ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင် ထုတ်ချေးခဲ့ရာ  ဒီဇင်ဘာလ (၈)ရက်နေ့အထိရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၃)အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု (၁၆)  အုပ်စု  ရှိ တောင်သူများအားထုတ်ချေးပြီးဖြစ်ကြောင်းသိရသည်။