ကျိုက်ထို ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်အသိ ပညာပေးနံရံကပ်စာစောင်များခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့အခြေခံပညာမူလတန်းကျောင်း ကော့ဘိန်း(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက ကျောင်းသား၊ ကျောင်းသူများကျောင်းစာကို ကြိုးစားသင်ယူကြသလို ပြင်ပဗဟုသုတရရှိစေရန်အသိဉာဏ်တိုးပွားစေသည့် စာအုပ်များကိုဖတ်ရှုလေ့လာလျှင် အမှားအမှန်ကိုခွဲခြားတတ်သည့်အနာဂတ်၏ သားကောင်းသမီးကောင်းများဖြစ်လာမည်ဖြစ်ကြောင်း စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက်ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များမှ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့် နံရံကပ်အသိပညာပေးစာစောင်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)