အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိတ္ထီလာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လွိုင်လင်မြို့နယ်အတွင်း ကောင်းမှုဂုဏ်စေတီ-ပန်အွတ်ကျေးရွာ ကျောက်ချောလမ်း ခင်းနေမှုအခြေအနေများကို လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်နှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 09,2022
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အထက (တောင်ဘက်ကမ်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပေး‌ဟောပြောပွဲနှင့် Mobile Library လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို အထက (သရက်ချောင်း) ကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။
Dec 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍  ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ထောက်ပံ့ငွေဖြင့် အရှည်ပေ (၁၂၀)တည်ဆောက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်နေ ဦးစိုင်းဝါလိန်၏ အိမ်နံဘေးတွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုး၍ ခူးဆွတ်ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်းသိရသည်။