တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေး

တိုက်ကြီး ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဥက္ကံရေသိုးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၁၀၀)ချေးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တိုက်ကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးတို့က အမှာစကားများ ပြောကြားခဲ့ပြီး တောင်သူများအား ချေးငွေများပေးအပ်ခဲ့ကာ စိုက်ပျိုးမည့် မျိုးစေ့နှင့်သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍ တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးစိုးနိုင်က စိုက်ပျိုးရမည့် နည်းပညာနှင့်ပက်သတ်၍ ရှင်းလင်း ပြောကြားသည်။ ရေသိုးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် တောင်သူ(၁၆)ဦးတို့မှ ဆောင်နေကြာဧက (၂၀)စိုက်ပျိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)