မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခမ်းအနားကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြီု့နယ်၊ အထွေထွေအုပ်ရေးဦးစီးဌာနတွင် အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင်ဦးက အသင်းအဖွဲ့ မှတ်ပုံတင်ဆိုင်ရာ ဥပဒေ (၂၀၂၂ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အများပြည်သူ သိရလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ရဲမှူး ဦးကျော်မြဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းထားသည့် အချက်အလက်များအား တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား Power Point ဖြင့် အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင်ဦး၊ ရဲမှူး ဦးကျော်မြဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ဆွေလွင်အောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်ကြိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း