အမြို့မြို့အနယ်နယ်သတင်းများ

Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအခြေခံ သမဝါယမအသင်းများသို့ အရင်းမပျောက်မတည်ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 01,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ‌ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာအလွယ်တကူဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အမှတ်(၁)မြို့မ ဈေးကြီးအတွင်းရှိ ဈေးသမဝါယမအသင်းလီမီတက်ရှေ့၌ ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသထွက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 01,2023
 (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်း၍ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် နည်းပြ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က နည်းပညာတက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့သည်။
Jul 01,2023
မွန်ပြည်နယ်တွင် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
Jul 01,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အားသွားရောက် ကြည့်ရှုအားပေးသည်။