Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းတုန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှပ်နှံခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jul 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာ တောင်သူ ဦးစိန်နိုင်၏ လယ်မြေနှစ်ဧကတွင် ယမန်နေ့ နံနက် ၉ နာရီက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှပ်နှံခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုပ်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်၅ နှစ် မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၅၈၀ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ
Jul 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များ၊ ပြပွဲလေ့လာသူများန…
Jul 01,2023
တွေ့ဆုံမေးမြန်း - ခင်စန္ဒာဆွေ(လက်ထောက်ညွှန်ကြားရေးမှူး၊ပြန်/ဆက်) မှတ်တမ်းဓာတ်ပုံ - ကိုဇော်၊ ကျော်ဟိန်း(ခရိုင်ပြန်/ဆက်) "ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုး အမြတ် အများကြီးရရှိပါတယ်။" (ဦးခင်ဇော်-လေးမျက်နှာ မြို့နယ်) မေး ။ ပြပွဲမှာ ပါဝင်ပြသတဲ့ အကြောင်းအရာတွေနဲ့ အခုလို ပြခန်းတွေ ခင်းကျင်းပြသဆောင်ရွက်မှုအပေါ် လုပ်ငန်းရှင်တစ်ဦးရဲ့ အမြင်သဘောထားလေးကို မိတ်ဆက်ပြောကြားပေးပါရှင်။ ဖြေ ။ "ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီးရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေ လာရောက်ပြသတာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီး ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ ၁၉ မြို့နယ်ပါဝင်ပြီး ကျွန်တော်တို့က လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတမြို့ နယ် ပူးပေါင်းစီစဉ်ပြီး သင်ဖျာရက်တဲ့လုပ်ငန်းနဲ့ ကြိမ်ထည်လက်မှုပစ္စည်းတွေကို ပြသတာဖြစ်ပါတယ်။ ဒီပြခန်းမှာ ပါဝင်ပြသရတဲ့ အကြောင်းရင်းက ရေလုပ်သားတွေရဲ့ မိသားစုဝင်ငွေတိုးလာအောင်လို့ လက်မှုလုပ်ငန်းလေးတွေ တည်ထောင်ပေးထားတဲ့ သင်ဖြူးဖျာရက်တဲ့လုပ်ငန်းနဲ့ ကြိမ်ထိုးတဲ့ လုပ်ငန်းလေးတွေကို လက်တွေ့ပြသရင်း ဝယ်ယူလိုပါကလည်းရောင်းချပေးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ကြိမ်ထိုးတဲ့လုပ်ငန်းမှာ ရေလုပ်သား မိသားစုဝင် ၂၅ ဦးနှင့် သင်ဖျာလုပ်ငန်းမှာ မိသားစုဝင် ၄၀ ဦး ရှိပါတယ်။ ပြခန်းမှာ ငါးသယံ ဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးဇုံအနေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းပြကွက်၊ ငါးသုတေသနလုပ်ငန်းပြကွက်၊ SME လုပ်ငန်းတွေ ဝင်ငွေတိုးဖို့အတွက် ဆိတ်၊ ဝက်မွေးမြူရေး လုပ်ငန်းနဲ့ ဧရာဝတီတိုင်းတစ်တိုင်းလုံးအနေနဲ့ ဒီရေတောတွေ စိုက်ပျိုးခြင်းဆိုတဲ့ လုပ်ငန်းဆောင်ရွက်မှု ပြကွက်တွေကို ထည့်သွင်း ပြသထားပါတယ်။ ဧရာဝတီတိုင်း ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေပြီးတော့ တစ်တိုင်းလုံးမှာ ရေလုပ်သား မိသားစုတွေ ဝင်ငွေတိုးဖို့၊ သယံဇာတတွေ တိုးပွားဖို့၊ ဒီရေတောတွေ ထိန်းသိမ်းဖို့ လုပ်ငန်းတွေလုပ်နေပါတယ်။ အရင်က ဒီရေတောတွေ စိုက်ထားတာ ရှိကောင်းရှိခဲ့ပေမယ့် ကျွန်တော်တို့အဖွဲ့က ၂၀၁၄ ခုနှစ် ကနေစပြီး နှစ်စဉ် ဒီရေတောတွေ စိုက်ပျိုးလာတာဖြစ်ပါတယ်။ ဒီရေတောတွေ စိုက်ပျိုးခြင်းဖြင့် ကာဗွန်တွေ လျှော့ချဖို့နဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုတွေ များလာဖို့ ရည်ရွယ်ပြီး စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ အရင်တုန်းက ဒီရောက်တောတွေ ပြုန်းတီးနေတာတွေကို အများကြီးကျစ်လာအောင်၊ တိုးပွားလာအောင်လုပ်နိုင်တယ်၊ အဲ့ဒီ ဒီရောက်တောတွေမှာပဲ ငါးနေငါးထိုင်တွေ ပိုကောင်းလာတယ်။ အဲ့ဒီဘက်မှာပဲ သယံဇာတ ထိန်းသိမ်းတဲ့ ဇုန်တွေလည်းရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ငါးသလောက် ထိန်းသိမ်းတာတွေ၊ ငါးသယံဇာတတွေ ထိန်းသိမ်းတာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ အသင်းအဖွဲ့အနေနဲ့ ယာယီမှတ်ပုံတင်ထားပြီး ဖြစ်ပေမယ့် SME လုပ်ငန်း အတွက် မှတ်ပုံတင်ဖို့ကိုလည်း ချိတ်ဆက် ဆောင်ရွက်ထားပါတယ်။ လုပ်ငန်းမှတ်ပုံတင်ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။ ပြပွဲတွေ ပြသပေးခြင်းဖြင့်လက်ရှိမှာ ဝန်ကြီးချုပ်ကြီးအနေနဲ့လည်း ကျွန်တော်တို့အဖွဲ့ကို သိတယ်၊ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်တဲ့အခါမှာလည်း အလွယ်တကူ ခွင့်ပြုပေးတဲ့ အပိုင်းတွေရှိတယ်၊ နောက်တစ်ခါ ကျန်တဲ့မြို့နယ်တွေနဲ့ မိတ်ဆွေဖြစ်ပြီး SME လုပ်ငန်း မှတ်ပုံတင်ဖို့ ကိစ္စ အတွက်ကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာကနေ ကူညီပေးမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိသလို ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေလည်း ရောင်းရပါတယ်။ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးမှာ သွားရောက်ပြသတုန်းက ကျွန်တော်တို့မှာပါသွားတဲ့ သင်ဖျာတွေ ကုန်တဲ့ အထိ ရောင်းအားရခဲ့ပါတယ်။ ဒီလိုပြပွဲတွေမှာ ပါဝင်ပြသတဲ့အခါတိုင်း ပစ္စည်းတွေ ရောင်းရတယ်။ ဒီမနက်ဆိုရင် ကြိမ်ထည်လေးတွေပါ လာရောက် ဝယ်ယူအားပေးတာတွေရှိတဲ့ အတွက် ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုးအမြတ် အများကြီးရရှိပါတယ်။"
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုး…
Jul 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)လများအတွက် အသက်(၈၅)နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားကို မြက်တို စုပေါင်းရုံးအစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ ၂၀၂၂ခုနှစ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များအား ရှင်းလင်း ဆွေးနွေးပွဲကျင်းပ
Jul 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ခုနှစ် လူကုန်ကူးမှုနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး (၃)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပြည်နယ်သယံဇာတရေး…
Jul 01,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသောလူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ရာသီအလိုက်ပန်းအလှပင်များဖြင့် ပန်းမြို့တော်တစ်ခုဖြစ်လာစေရေး (၃)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးဝါး လာရောက်ကုသပေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်း အတုလမာရဇိန် အောင်ချမ်းသာတန်ဆောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးဝါးများလာရောက်ကုသပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10602
Page
10603
Page
10604
Page
10605
Current page
10606
Page
10607
Page
10608
Page
10609
Page
10610
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department