မြောက်ဦး ဇူလိုင် ၁
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က-၂ စာသင်ကျောင်း၌ ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် အ.ထ.က-၂ မြောက်ဦးမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းကော်မတီဝင်များကို တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝင်းအတွင်း သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပြီး ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးပြုလုပ်နေသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)