အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2023
ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်မည့် (၁ဝ၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့" အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀လမ်းနှင့် ၆၈ လမ်းထောင့်၊ စုပေါင်းရုံးဝင်း အတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှူးရုံးတွင် ကျင်းပသည်။
Jun 29,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်းသိရပြီး ပေါ်ဦးပေါ်ဖျား နှမ်းဈေးနှုန်းမှာလည်း ယခင်နှစ်ကထက် ဈေးကောင်းရရှိသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူများထံမှ သိရသည်။
Jun 29,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး သမဝါယမကျေးရွာများသို့ အရင်းမပျောက် မတည်ငွေများပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက တံတာဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jun 29,2023
မကွေးတိုင်းဒေသကြီး စလင်းမြို့ ရုံးပင်ကန်(တောင်)ကျေးရွာ အုပ်စုရှိ အိမ်ထောင်စု(၈၂၃) အိမ်ထောင်စုအား ကိုးရီးယားသမ္မတနိုင်ငံ (Climate Change Center) (CCC) ၏ အစီအစဥ်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစီမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြား လောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖြစ် တောတောင်ကြိုးဝိုင်းများနှင့်နီးစပ်သည့် ကျေးရွာအုပ်စု(၂၆)အုပ်စုတို့မှ ရုံးပင်ကန် ကျေးရွာအုပ်စုအား ဇွန်လ(၂၆)ရက်နေ့လည် ၂ နာရီအချိန်က ရွာလည်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်နှင့်သီပေါမြို့နယ်အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော နာနတ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Jun 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၏ ၂၀၂၂−၂၀၂၃ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 29,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ သဘာဝဘေးများကြုံတွေ့လာပါက ကာကွယ်ရေးနည်းလမ်းနှင့် တုံ့ပြန်ပြုမူဆောင်ရွက်ရမည့် အသိပညာဗဟုသုတများ သိရှိစေရန်နှင့် ကိုယ်တိုင်စနစ်တကျ တုံ့ပြန်ဆောင်ရွက်‌တတ်‌စေရန် ရည်ရွယ်၍ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ ဦးဆောင်စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ အခြေခံပညာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း‌၍ ယမန်နေ့က ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ "မြေငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း" ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ် (၁၅)ရပ်ကွက်ရှိ ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်(၂၅)ပိဿာအား ရောင်းချပေးခြင်းကို ဇွန်လ (၂၉)ရက်နေ့ နံနက်(၇)နာရီခွဲ အချိန်က အဆိုပါ​ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြသည်။