တောင်ငူ ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က နည်းပညာတက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့သည်။
ရှေးဦးစွာတောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ဆွေဦး၊ တောင်ငူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်(တောင်ငူ)မှဒုတိယ ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းမွန်နှင့်မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်နိုင်တို့မှ ပျိုးပင်များကို ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ် (တောင်ငူ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်၊ သင်တန်းမှူးနှင့် ဌာနမှူးများ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၂၀၀)ဦးခန့်တို့က ပျိုးပင်များအား စိုက်ပျိုး ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ စိန်ပန်းကြီး၊ ခရေ၊ မန်ဂျန်ရှား၊ ယင်းမာ၊ ကုက္ကိုလ်၊ သစ်ပိတောက်၊ ဗန်ဒါ၊ ရေတမာ၊ စုစုပေါင်းပျိုးပင် (၂၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)