အမြို့မြို့အနယ်နယ်သတင်းများ

Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ မက်မန်း၊ ဂျုံ၊ စပါးသီးနှံစီမံကိန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင် မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မက်မန်း၊ ဂျုံနှင့်စပါးစိုက်တောင်သူအစုအဖွဲ့များမှ လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။
Jul 01,2023
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်း၊ ပြည်နယ်လျှပ်စစ်မှူး ဦးမောင်မောင်ခိုင် သည်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွား သည့် ရသေ့တောင်မြို့ရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jul 01,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရမည်းသင်းမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ၊ MSMEs ကဏ္ဍအလိုက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက  ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jul 01,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ထောင်ပိုင်ကွင်း ဧရိယာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့တက်ရောက် ကြည့်ရှုပြီး အရာရှိရပ်ကွက်၊ စန္ဒာလင်္ကာရ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောက်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် အဆောက်အဦများပြင်ဆင်ရန် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်သည်။
Jul 01,2023
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို vကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲကိုလပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ- သင်္ဃန်း ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃/၁)မိုင်တွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 01,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကြူအိုင်ကျေးရွာ တောင်သူများသည် နွေစပါးများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။