အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ယမန်နေ့က စုရပ်များဖြစ်သည့် မြို့နယ်ကျန်းမာရေးဌာနခန်းမနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ‘မြို့နယ်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဝါမျိုးစေ့ဖူလုံပိုလျှံစေရေးနှင် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးကြိုမိုးနှင့် မိုးနှောင်းဝါများစိုက်ပျိုး ထားရှိရာမှိုင်းပန်ကျေးရွာ ကွင်းအမှတ်(၂၂၅-ဃ)၊ ဦးပိုင်အမှတ်(၃၁) တောင်သူဦးမောင်အေး စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန်နှင့် ဒေသတွင်းနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးစေရေးအတွက် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကိုယမန်နေ့ နံနက်ပိုင်းက ရှောက်ခြုံကျေးရွာရှိ စိုက်ပျိုးရေးနှင့်နွားမွေးမြူရေး တွဲဖက်လုပ်ကိုင်သူ တောင်သူဦးမောင်မောင်ကြီး၏ ယာမြေအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 29,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC)၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ပေးလျက်ရှိရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 29,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC)၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ပေးလျက်ရှိရာ လုပ်ငန်း အားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က (၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 29,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျာင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။