Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟိုပန်၌ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jun 29,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟိုပန်)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်းသူ (၉…
Jun 29,2023
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၉၁)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် အပတ်စဉ် (၂၈)ပထမနှစ် (ဒုတိယအသုတ်) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်း သူ(၆၀)ဦးတို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပရာ
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲတက်ရောက်
Jun 29,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ဇွန်(၂၈)ရက်နံနက်(၁၀)နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး၊ ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများန…
Jun 29,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 29,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် မွန်းတည့်(၁၂)နာရီက ဆိုက်ခေါင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ်ဆုံဒေသအားရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင…
Jun 29,2023
မြန်မာပြည်မြောက်ဖျားပိုင်းမှ စတင်စီးဆင်းသည့် ဧရာဝတီမြစ်၏ ရှင်သန်ပေါက်ဖွားရာ မြစ်ဆုံဒေသအား ရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် အခြေခံပြီး သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်လိုက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိ
Jun 29,2023
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဘေးသင့်တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ယမန်နေ့ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူရောက်ရှိလာရာ ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သက်မွေးပညာကာလတို သင်တန်းများတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအောင်မြင်သူများ တက်ရောက်နိုင်
Jun 29,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သက်မွေးပညာကာလတိုသင်တန်းများကို ယခုလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အောင်မြင်သူများ တက်ရောက်နိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10608
Page
10609
Page
10610
Page
10611
Current page
10612
Page
10613
Page
10614
Page
10615
Page
10616
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department