မြိတ်မြို့တွင် ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၂)ရက် နံနက်ပိုင်းက အထက(၆)နှင့် အထက(၉) ကျောင်းခန်းမတို့တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များ ပြသပေးသည်။

ပျော်ဘွယ်မြို့နယ်တွင် အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ ပျော်ဘွယ် အောက်တိုဘာ ၂၂ မင်းမင်းထွေး(ပျော်ဘွယ်)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယမန်နေနံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှူအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ တိုက်ကြီး အောက်တိုဘာ ၂၂ ဒေါ်စောဝတ်ရည်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်းခြင်း ကို အောက်တိုဘာ   ၂၂ ရက် နံနက် ၁၀ နာရီက ယန်းခိုင်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေ၌ ဆောင်ရွက်သည်။
Subscribe to