တာမွေမြို့နယ်၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်၌ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားရင့်သန်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်နှင့် လူထုရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ လူငယ်စကားဝိုင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ငါးမိုင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့်လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မူးယစ်ဆေးဝါးများအန္တရာယ်၊ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ကြခဲ့သည်။

ပန်းတနော်မြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် စားသုံးသူခွင့်ရေးနှင့် တာဝန်များကိုသိရှိနားလည်ပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ ရွှေနော်သီရိ ခန်းမ၌ ကျင်းပခဲ့သည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ကျွန်းလှမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေနံနက်ပိုင်းက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

အင်္ဂပူမြို့တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က (အင်္ဂပူ)ငုရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

မြဝတီမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဌာနနှစ်ပတ်လည်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန်လ (၁၅)ရက်နေ့ တွင်ကျရောက်မည့် (၃၁)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း(၁၃)ဦးက ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားရုံ၌ ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံ  ကရာတေးလူရွေးပြိုင်ပွဲ ဆက်လက်ကျင်းပ

သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် ပဒေသာအားကစားရုံ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံကရာတေးလူရွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဆက်လက်ကျင်းပပြုလုပ်ပါသည်။
Subscribe to