တောင်ဥက္ကလာပမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တောင်ဥက္ကလာပ ဇွန် ၁၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်ကစ၍ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ခဲ့ရာ ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ မိဘများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အပတ်စဉ်ကြာသပတေးနေ့တိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ခင်ဆွေနှင်း(ပြန်/ဆက်)