ကြံခင်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု(မြို့နယ်အဆင့်)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (မြို့နယ်အဆင့်) ကျောင်းစာကြည့်တိုက်စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။