ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဈေးပိတ်ချိန်တွင် မီးဘေးလုံခြုံရေးစစ်ဆေး

 ဒဂုံမြောက် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၃၀) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဒဂုံရွှေပြည်ဈေး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ည ၆ နာရီက စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်‌ဆေးဆောင်ရွက်ရာတွင် (၃၀) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဒဂုံရွှေပြည်ဈေး ဈေးပိတ်ချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၆) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅) ဦးတို့နှင့်အတူ ဈေးတာဝန်ခံ ဦးရန်အောင်ထွန်းနှင့် အဖွဲ့ဝင် (၁၀) ဦး၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်း (၂) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးတို့ ပူးပေါင်း၍ ဈေးပိတ်ချိန် ဈေးအတွင်း၌ မီးဖိုများသုံးစွဲထားရှိမှု၊ လျှပ်စစ်မီးခလုတ်များ ပိတ်ထားခဲ့မှု ရှိ/ မရှိတို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)