မိုင်းတုံ၌ ဘိန်းအစားထိုးသီးနှံမျိုးစေ့များအား ဟိုပန်ကျေးရွာအုပ်စုသို့ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံ စံပြကွက်စိုက်တောင်သူများဖြစ်သည့် ဟိုပန်ကျေးရွာအုပ်စုရှိ နောင်ရာဆိုင်၊ အောင်ချမ်းနှင့် စမ်းသီတာ (၅) မိုင်ကျေးရွာသို့ မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်/ဆက်၊မြို့ နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။