ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုငန်း ဦးစီးဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့်မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်စေရန်၊ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျော့ချ စေရေးအတွက်ကျေးလက်ဒေသ များဖွံ့ဖြိုးတိုးတက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သောစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။