ပွင့်ဖြူမြို့နယ်၌ ရွှေဖရုံသီးနှံစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၁ ရက်က  မိုင်းပတ်ထက်ကျေးရွာအုပ်စု၊ ဖပဲကိုကျေးရွာတွင် ကျင်းပသည်။

သံတောင်ကြီးမြို့တွင် ရာသီပေါ် ပေါ်ဦးပေါ်ဖျား ကြက်ပေါင်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်၊ ဝါးပင်များသည် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကြက်ပေါင်သီးပင်များသည်လည်း သဘာဝအတိုင်း အလေ့အထပေါက်သည့်အပင်များ ဖြစ်သည်။ ကြက်ပေါင်သီးပင်များသည် ဥယျာဉ်ခြံများနှင့် တောတောင်များတွင်ပေါက်ရောက်ပြီး ယခုအချိန်တွင် ရာသီပေါ် ပေါ်ဦးပေါ်ဖျား ကြက်ပေါင်သီးများ ဈေးကောင်းရကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေအတွက် ရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး၊ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေး အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့၌ မဲရုံများတွင် မီးဘေးကြိုတင် ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် သရုပ်ပြလက်တွေ့ဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ် (၄) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ၌ ဆောင်ရွက်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ ဦးသီဟန်စီ၊ အတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများအား မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး  မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများအား သရုပ်ပြလက်တွေ့ ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ သက်ရှည်ရတနာသာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အလှူငွေများ ပေးအပ်ခဲ့သည်။

အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်နေ ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Subscribe to