ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နတ်ချောင်းတံတားအနီးတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်း၍ ဖြတ်သန်းသွားလာကြသော ပြည်သူများ၊ မော်တော်ယာဉ်များအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။