အ.ထ.က(ဟိုက်ဖတ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ "ဆေးလိပ်ငွေ့ကင်းစင် ပင်းတယတစ်ခွင်" မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများဖော်ဆောင်ရေး ဆွေး‌နွေးပွဲအခမ်း အနားကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ဖော်ဆောင် ရေးအတွက်" ဆေးလိပ်ငွေ့ ကင်းစင် ပင်းတယတစ်ခွင်’’ ဆိုင်းဘုတ်ပိုစတာ စိုက်ထူပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆိုင်း ဘုတ်အား ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင် မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။‎

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ (ဖိုရမ်)သို့ တက်ရောက်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကိုလော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်း သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြသည်။

ရေတာရှည်မြို့နယ်၌ မိုးစပါးစံပြစိုက်ကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု ခင်တန်းကြီးကျေးရွာ ကွင်းအမှတ် ၆၆၂(က)၊ ကွင်းအမည် ရွှေကြက်ယက် တောင်ကွင်း၊ ဦးပိုင်အမှတ် ၆၈ ကွင်းတွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးကျော်မင်းထွန်း လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တာချီလိတ်မြို့အား ကွင်းဆင်းစစ်ဆေး

တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့(Mae Sai)နှင့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအပြင် ခရီးသွားလာရေး တိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ ၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တန်ဆောင်တိုင်ပွဲတော် စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၌ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနေမှုအား ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည့်ရှုအားပေး

ဟားခါး အောက်တိုဘာ ၂၃ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုတို့ဖြင့် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအခမ်းအနားကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုအသင်း ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများကို ပြည်သူ့ကျန်းမာရးပြဿနာတစ်ခုအဖြစ် သိရှိနားလည်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။

တီးတိန်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးဌာနဝန်ထမ်းများက အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်(၅)နှစ်နှင့် (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to