ကျောက်ဆည် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူများအား ယမန်နေ့က ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၁ ပိဿာ ငွေ ၈၆၈၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ရည်ညွှန်းဈေး ၁ ပိဿာ ငွေ ၇၃၅၄ ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ ကြောင်ပန်းကုံးကျေးရွာပြည်သူများအား စားအုန်းဆီ ၁၁၀ ပိဿာ၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ လေးဆယ်ကုန်းကျေးရွာပြည်သူများအား စားအုန်းဆီ ၁၁၀ ပိဿာ၊ ဒေါ်သဇင်အောင် (နေလသုခ) ဆီအရောင်းဆိုင်မှ ဖောင်ရွာရပ်ကွက် ပြည်သူများအား စားအုန်းဆီ ၆၈၄ ပိဿာ၊ ဒေါ်စန်းစန်းဌေး (နေလသုခ ၂)ဆီအရောင်းဆိုင်မှ ဆူးလေကုန်း ကျေးရွာပြည်သူများအား စားအုန်းဆီ ၃၃၀ ပိဿာ တို့အား အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။
စုစုအေး (ကျောက်ဆည်)