နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ငပုတော ဇွန် ၁၂

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် အစိုးရ၏ ရက်(၁၀၀)စီမံချက်တွင် ပါဝင်သော ကျောင်းသား/ ကျောင်းသူများ မျက်စိကျန်းမာရေးကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ကျောင်းများဖြစ်သော မူလွန်မြို့မ(၁) ကျောင်း၌ ကျောင်းသား/သူ(၃၄၈)ဦး၊ အ.လ.ကရွှေမြကွင်း၊ ကျောင်း၌ကျောင်းသား/သူ (၃၂၅)ဦး၊ အ.မ.က(၃) မူလတန်းကျောင်းတွင် ကျောင်းသား/သူ(၁၃၅ )ဦး၊ အ.ထ.ကငပုတော ကျောင်း၌ ကျောင်းသား/သူ (၁၀၈၃)ဦး၊ အ.မ.က(၂)ကျောင်း၌ ကျောင်းသား/သူ (၁၉၆)ဦး၊ အ.မ.က(၄)ကျောင်း၌ ကျောင်းသား/သူ (၁၅၂)ဦးတို့အား အသိပညာပေးဟောပြောပေးခြင်း မျက်စိစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ယင်းသို့ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)