မအူပင် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ယနေ့နံနက် (၉)နာရီက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမှုအခမ်းအနားအား မအူပင်ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုး၏ဦးဆောင်မှုဖြင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်ရုံးများမှ ဝန်ထမ်းအင်အား(၁၁)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဝင်းဇော်၊ မအူပင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုး၊ မအူပင်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စွာလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်၊ မအူပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကျော်နှင့် မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မအူပင်မြို့မရဲစခန်းမှူးဒုရဲမှူး မင်းမြတ်စောဝင်းနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှု့အားပေးခဲ့ကြပြီး ကြက်ဥများ၊ အချိုရည်များစသည့် အာဟာရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)