လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မူးယစ်ဆေးဝါးများအန္တရာယ်၊ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ကြခဲ့သည်။