ချောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက ဆင်ကကျေးရွာ ချောက်-ဂွေးချိုလမ်းဘေးဆင်က ကြိုးပြင်ကာကွယ်တော၌ ကျင်းပ ပြုလုပ်ခဲ့သည်။