မိုင်းရယ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်းကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအထူးသင်တန်းများ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍  အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းနှင့် ကွန်ပျူတာပန်းချီသင်တန်းတို့ကို  တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ကွင်းအမှတ် (၁၈၁၃)ကွင်းအတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး DY 1လက်တံမြောင်းမှရေပေးဝေမှုအခြေအနေ၊ တောင်သူ ဦးအေးလွင်၏ လယ်(၃)ဧကအား နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် နွေစပါးနှံကောက်မျိုးအား seeder ဖြင့်စိုက်ပျိုးနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။

မိုင်းရယ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီအေရိုးဗစ်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအတွက် နွေရာသီအေရိုးဗစ်သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက စတင်ပြီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ကံမမြို့၌ မြို့နယ်အဆင့်‌ နွေရာသီသင်တန်းပေါင်းစုံဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် နွေရာသီအခြေခံပညာအဆင့်သင်တန်းပေါင်းစုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂ဝ၂၆) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၏ (၃/၂ဝ၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ကလောမြို့နယ်၌ နွေရာသီ အားကစားအခြေခံသင်တန်း ဖွင့်လှစ်၍ အားကစားနည်း (၅) မျိုးအခမဲ့သင်ကြားပေးမည်

ကလောမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ် ထွန်းလာ‌စေရေး၊ မြို့နယ်/ခရိုင်/ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြခံပညာ ထက်၊ လယ်၊ မူကျောင်းများ နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
Subscribe to