မိုင်းရယ် မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အမှာစကားပြောကြားပြီး သင်တန်းသား/သူများက fitness dance၊ ဘောလုံးသရုပ်ပြခြင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ခြင်းလုံးနှင့် အေရိုးဗစ်အားကစားနည်း (၄)မျိုးတွင် ထူးချွန်ဆုရသူများ၊ အသင်းလိုက်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)