ကလောမြို့နယ်၌ နွေရာသီ အားကစားအခြေခံသင်တန်း ဖွင့်လှစ်၍ အားကစားနည်း (၅) မျိုးအခမဲ့သင်ကြားပေးမည်

ကလော မတ် ၄

ကလောမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ် ထွန်းလာ‌စေရေး၊ မြို့နယ်/ခရိုင်/ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအားကစားအခြေခံသင်တန်းကို အောင်ပန်းမြို့အားကစားကွင်းနှင့် ကလောမြို့နယ်အားကစားကွင်းတို့တွင် မတ်လ ၁၀ ရက်မှ ၃၀ ရက်နေ့အထိ ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ တိုက်ကွမ်ဒိုနှင့် ကြက်တောင်စသည့် အားကစားနည်း (၅) မျိုးကို အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနည်းများကို သက်ဆိုင်ရာအားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် အချိန်ခွဲခြားသတ်မှတ်၍ စနစ်တကျသင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)