မိုင်းရယ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီအေရိုးဗစ်သင်တန်း ဖွင့်လှစ်

မိုင်းရယ် မတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအတွက် နွေရာသီအေရိုးဗစ်သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက စတင်ပြီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီ အေရိုးဗစ်သင်တန်းတွင် သင်တန်းသူ (၂၄)ဉီး တက်ရောက်ခဲ့ပြီး မတ် (၃) ရက်နေ့မှ မတ်လ (၁၀) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

နွေရာသီအေရိုးဗစ်သင်တန်းတက်ရောက်ကြသည့် သင်တန်းသူများသည် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူစာကြည့်တိုက်တွင် စာအုပ်ငှားရမ်းခြင်းနှင့် ပြသထားသည့် ပြတိုက်ငယ်နှင့် နံရံကပ်စာစောင်များကိုလည်း လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)