ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စုနှင့် မိသားစုဝင်များအား ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။