ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၂ /၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ် (၃) ရက်နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် (၂/၂၀၂၆) လ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို တက်ရောက်ကြသည်။

ရှမ်းပြည်နယ်အတွင်း စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်နိုင်သည့်ကောလဟာလများကြောင့် တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်းစသည့် မြို့များ၌ ရှိသည့် စက်သုံးဆီများအား အလုအယက်ဝယ်ယူခဲ့ကြသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းထံမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စနစ်တကျ စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်

တောင်တွင်းကြီးမြို့နယ်တွင် စားသုံးသူရေးရာအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားသုံးသူရေးရာအခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၂)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘုရင့်နောင်ပန်းခြံ၌ ကျင်းပသည်။

မှော်ဘီမြို့နယ်၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ကန်ကလေးကျေးရွာတွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများနှင့် ဆည်တမံများ ပြန်လည်ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၂၀၊ ၂၃၀၈၊ ၂၃၄၂ တိုက်များ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပျက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

မင်းဘူးမြို့နယ်၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA) က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး မင်းဘူးမြို့နယ် စကုမြို့ရှိ ဝါစက်ရုံ၌ တောင်သူအစုအဖွဲ့များ စုပေါင်းပြီး ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းကစပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပဲမျိုးစုံသီးနှံ လာရောက်ရောင်းချသည့် ဒေသခံတောင်သူများအတွက် အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ရောင်းချခွင့်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။

ပင်လောင်းမြို့နယ်၌ (၇၇) နှစ်မြေက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရင်းမှီးရပ်ကွက်၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား ပန်းတောင်းတပ်နယ်ရှိ ကာကွယ်ရေးပစ္စည်းထုန်လုပ်မှုတပ်ဖွဲ့ မိသားစုများနှင့် မြို့နယ်သူ၊ မြို့နယ်သားများမှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ညနေ ၅ နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၆ ဖြင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော် ကြီးများနှင့်သီလရှင်ဆရာကြီးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို တပေါင်းလပြည့် မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Subscribe to