လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၈ ခုမှ ပြည်သူများအား စားအုန်းဆီ ၂၃၃၄ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ကျောက်ဆည်ခရိုင်အတွင်းရှိပြည်သူများ စားအုန်းဆီဝယ်ယူသုံးစွဲရာ၌ အခက်အခဲမရှိစေရေး အလှည့်ကျစနစ်ဖြင့်  စားအုန်းဆီကို စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ မတ် ၃ ရက်က ရပ်ကွက်/ကျေးရွာ ၈ ခုမှ ပြည်သူများအား စားအုန်းဆီ ၂၃၃၄ ပိဿာ  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၅) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

တပေါင်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၅) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့်  (၂၃) ကြိမ်မြောက်  သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲကို  မတ် ၂ ရက်က  ဘုရားကြီးရင်ပြင်တော်၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် "စုပေါင်းကာကွယ် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်”  အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ“စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျင်းပသည်။

တောင်သာမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တောင်သူနည်းပညာ နည်းနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

၂၀၂၅- ၂၀၂၆ ခုနှစ် တောင်သာမြို့နယ် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တောင်သူနည်းပညာနည်းနှောဖလှယ်ပွဲအခမ်းအနားကို မတ် ၃ ရက်၊ နံနက် ၁၀ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်သည်။

မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနချည်မျှဉ်ရှည်ဝါမျိုးစေ့များထောက်ပံ့ပေးအပ် 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စီမံကိန်းတွင်ပါဝင်သော တောင်သူများအား ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မြစ်သားမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျ ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၃ ရက် နံနက် ၉  နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။   

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မတ် ၃ ရက်  နာရီ ၁၀ နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to