မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း  

တနင်္သာရီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရေဖြူမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သာယာဝတီမြို့နယ် ဆရာစံခန်းမပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to