ဆိုလာနည်းပညာကိုတက်ကျွမ်းပါကခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်မည်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို မတ် ၄ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ဘုရားကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။