တိုက်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်က သီရိဟေမာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်‌ပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်း လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် "မိမိကစ၍ ကာကွယ်ပါ"ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk show ပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် "မိမိကစ၍ ကာကွယ်ပါ"ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk show ပြုလုပ် သင်္ဃန်းကျွန်း ဇူလိုင် ၁၂ ခရိုင်(ပြန်/ဆက်)

ကသာခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ အရိပ်ရပင်နှင့်သီးပင်စားပင်များ စုပေါင်းစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ရုံးဝင်းအတွင်းနှင့် ရုံးအ‌ရှေ့မျက်နှာစာတွင် ဝန်ထမ်းများက အရိပ်ရပင်များနှင့် သီးပင်စားပင်များကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် တောင်ဥက္ကလာပ ဇူလိုင် ၁၂ မြို့နယ်(ပြန်/ဆက်)

ကွမ်းခြံကုန်းမြို့နယ်၌(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to