ကံမမြို့၌ မြို့နယ်အဆင့်‌ နွေရာသီသင်တန်းပေါင်းစုံဖွင့်ပွဲအခမ်းအနား ကျင်းပ

ကံမ မတ် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် နွေရာသီအခြေခံပညာအဆင့်သင်တန်းပေါင်းစုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးတင်မြင့်က နွေရာသီကာလတွင်  ကျောင်းသား၊ ကျောင်းသူများ နည်းပညာတိုးတက်စေရန် ကွန်ပျူတာသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်း၊ အားကစားသင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်စိုးမိုးခိုင်က အားကစားနှင့်ပတ်သက်သည့် စစ်တုရင်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘောလီဘောအားကစားနည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)