ပျော်ဘွယ်မြို့၊ အမှတ် (၈) အထည်စက်ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ် (၈) အထည်စက်ရုံတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် စက်ရုံအတွင်းမီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုစစ်ဆေးခြင်းကို မတ်လ ၄ ရက်၊ နံနက် ၉ နာရီက အဆိုပါစက်ရုံ၌ ကျင်းပ ပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တပေါင်းလပြည့်နေ့တွင် ကယားပြည်နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပွင့်ဖြူမြို့နယ်တွင် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနား ကျင်းပ ပွင့်ဖြူ မတ် ၄ မြို့နယ်ပြန်ဆက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းပြင်ပပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပသည်။

ကွန်ဟိန်းမြို့၌ ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ဆိုလာပြား အပူလွန်ကဲရာမှ ယမန်နေ့မွန်းလွဲပိုင်းက နေအိမ် (၂) လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကိ စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း Online  လိမ်လည်မှုလုပ်ငန်းများပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်၌ အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ အွန်လိုင်းလိမ်လည်မှု နှိမ်နှင်းရေးလုပ်ငန်းများကြီးကြပ်ရေးကော်မတီဝင်များပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်ဥပဒေ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ  ဦးထူးထက်အောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)ရဲအုပ်နိုင်ထွန်း၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြသည်။
Subscribe to