မိုင်းပန် မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖွင့်လှစ်ပေးသည့် နွေရာသီအခြေခံအားကစားသင်တန်းများတွင် ဘောလုံးပွဲ(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ကြက်တောင်(ကျား/မ)၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်နှင့် Fitness Dance အကများ စသည့် သင်တန်းများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှစတင်၍ မတ်လ (၅) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)