လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ နွေစပါးနှင့်နွေသီးနှံစိုက်တောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ်ရေလှောင်တမံမှ နွေစပါးစိုက်ခင်းများနှင့် နွေသီးနှံများ၊စားဖိုဆောင်သီးနှံစိုက်တောင်သူများအတွက် စိုက်ပျိုးရေများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ရေဘုတ်ရေလွဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးခဲ့ကြောင်း လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးထံမှ သိရသည်။