ဒိုက်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်) ဘလုပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိနိုင်ရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင်  ၂၀၂၅ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇီးကုန်း-တာပွန်လမ်းဘေးဝဲယာ၌ သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်  ၉ နာရီက အမှတ် (၄၀) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို နေ့ မွန်းလွဲ (၁၄)နာရီအချိန်က ညောင်လေးပင်မြို့ဘိုးဘွားရိပ်သာအတွင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းနှင့် ဒလမြို့နယ်ဇုန်(၁၀)ရေပေးဝေရေးစခန်းသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒလမြို့နယ်သို့ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ရေပေးဝေရေးစခန်းများသို့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ အချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) ထာငိုကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြော

လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လူငယ်ဆိုင်ရာအသိပညာပေးကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) ထာငိုကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

ကျောက်တန်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ

ကျောက်တန်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ ကျောက်တန်း ဇူလိုင် ၁၂ မြို့နယ်(ပြန်/ဆက်)

ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အ.လ.က(ခွဲ)တောင်စက်ရုံလမ်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းယုမြို့၌ အ.ထ.က(ကျောင်း)မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to