မရမ်းကုန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဉာဏရောင်စဥ်လူမှုပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ သော်ဇင်ထွန်းက ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများက စုပေါင်အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်