ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ပေါက်ခေါင်း မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားကြရန်၊ လျှပ်စစ်မီးများအား ကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များနှင့် မီးသတ်ဆေးဘူးများအား စနစ်တကျထားရှိကြရန်စသည့်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်မီမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)