မုံရွာ၊ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို မတ်လ ၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယ တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပင့်သံဃာတော်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧည့်ပရိတ်သတ်များ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူးက အခမ်းအနားဖွင့်စာတမ်းအား ဖတ်ကြားလျှောက်ထား ၍အခမ်းအနားအား ဖွင့်လှစ်သည်။
ယင်းနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိ ကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြ သည်။
ဆက်လက်၍ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် တိုက်အုပ်နာယက စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ(ဝိနယဓရ)မှ သမ္မောဒနီယ ဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးနှင့် စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ လူပုဂ္ဂုလ် ၃ ဦးအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်များအား ပေးအပ်သည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိ ကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးအား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်မှ နဝကမ္မအလှူတော်ငွေ ကျပ်သိန်း - ၁၀၀ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပေးအပ်လှူဒါန်းသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိ ကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည် ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး ပင့်သံဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်း လှူခဲ့ကြသည်။
အဆိုပါ ၂၀၂၆-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲတွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး ၅ ပါး၊ မဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓ ဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ
ဆရာတော်ကြီး ၁ ပါး၊ ဂန္တဝါစကပဏ္တိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သိလရှင် ဆရာကြီး ၁ ပါး၊ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၂ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါး၊ စုစုပေါင်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်ရ ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ အဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီး၏ သက်တော်(၈၉) နှစ်ပြည့် မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ အဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးအား တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဖူးမျှော်ကြည်ညိုကြသည်။
ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး ၁၀၀၀ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ သီတဂူအဓိပတိ ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဖူးမျှော်ကြည်ညိုခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။