ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီသင်တန်း (အခမဲ့) နှင့် အခြေခံကာတွန်းရေးဆွဲနည်း (အခမဲ့) ဆက်လက်ဖွင့်လှစ်

ရန်ကင်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဖွင့်လှစ်ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ကာတွန်းဆရာမောင်မြတ်နိုး (ရန်ကင်း) က သင်တန်းတွင်သင်ကြားမည့် အခြေခံကာတွန်းပညာရပ်များအားနှင့် ပန်းချီဆရာမ ဒေါ်မို့မို့က ပန်းချီပညာရပ်များနှင့် ပတ်သတ်၍လည်းကောင်း ခဲပန်းချီ၊ လိုင်းအနိမ့်အမြင့်၊ ကာလညအလင်းအမှောင်၊ ခဲတံကိုင်နည်း စသည်တို့ကို အသေးစိတ်သင်ကြားပြသခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် တောင်ဥက္ကလာပမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ (၃) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ အထိသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လှလှထွေး (ပြန်/ဆက်)