ကော့မှူး မတ် ၅
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာကိုအခြေခံမှစ၍ အလွယ်တကူလေ့လာနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်မြောက်ထားသင့်သည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးနေလျက်ရှိပြီး အခြေခံပန်းချီးသင်တန်းနှင့် အခြေခံဂျပန်စကားပြောသင်တန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆရာမဒေါ်မိုးကေသီက သင်တန်းကာလတိုတောင်းသော်လည်း အင်္ဂလိပ်စာပညာရပ်ကို အခြေခံပိုင်းစမှ ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် သင်တန်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်